ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်များကို ကြိုတင်ပြင်ဆင် လေ့လာမှုများ ပြုလုပ်ကြရန်တိုက်တွန်း


Date : 28 February, 2013

IMG_0044

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ပါရဂူဘွဲ့ သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့လုပ်ဆောင်နေမှုများကို ကြည့်ရှုပြီး ဘာသာရပ်များကိုအာရုံစူးစိုက်၍ အချိန်များများပေးပြီး ဆည်းပူးလေ့လာကြရန်၊ ဘက်စုံစံပြများဖြစ်အောင် ကြိုးစားကြရန်၊ သို့မှသာ မိမိတို့ကျောင်း တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတိုးတက် လာမည်ဖြစ်ကြောင်း မှာကြားသည်။IMG_0025
ဆက်လက်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု၊ ကွန်ပျူတာလက်တွေ့လုပ်ဆောင်နေမှု၊ စာတွေ့၊ လက်တွေ့ တစ်ပြိုင်နက် ထိထိမိမိ သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာ ယူထိုက်သော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားပေးကြရန်နှင့် မိမိတို့၏ သက်ဆိုင်ရာ ဘာသာ  ရပ် နယ်ပယ်အသီးသီး၌ မိမိတို့ တတ်သိနားလည်ထားသလောက်ဖြင့် ကျေနပ်မနေဘဲ မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားမှုရှိလာစေရန်အတွက် စဉ်ဆက်မပြတ် လေ့လာမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။IMG_0225



Bookmark the permalink.

Comments are closed.