အမေရိကန်ပြည်ထောင်စု၊ အနောက်ပင်လယ်ကမ်းရိုးတန်းဒေသရှိ Centres of Excellence များသို့လေ့လာရေးခရီးသွားရောက်


Date : 22 May, 2013

DSC01324

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ (၂၂) ရက်နေ့ထိအမေရိကန်ပြည်ထောင်စု၊ အနောက်ပင်လယ်ကမ်းရိုးတန်းဒေသရှိCentres of Excellence များသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

            ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အမေရိကန်ပြည်ထောင်စု၊ အနောက်ပင်လယ်ကမ်းရိုးတန်းဒေသရှိ University of California, Irvine (UCI)၊ Universityof California, Los Angles (UCLA)၊ Stanford University နှင့် University of California, Berkeley (UCB) စသည့် Centres of Excellence များနှင့် Orange County Business Council နှင့် Facebook Centre များသို့ သွားရောက်လေ့လာကြည့်ရှုပြီးအဆိုပါတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် သုတေသနဌာနများ၏ နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ အနောက်ပင်လယ်ကမ်းရိုးတန်းဒေသရှိCentres of Excellence များတွင် နည်းပညာ ရပ်အသီးသီးအလိုက် သင်ကြားမှုနည်းစနစ်များ၊ ဆောင်ရွက်လျှက်ရှိသည့်သုတေသနလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းပညာကဏ္ဍများအားဆွေးနွေးခဲ့ကြပါသည်။

            ထိုသို့တေွ့ဆုံဆွေးနွေးမှုများတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနတွင် လက်ရှိရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များအားCentres of Excellence များဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ တက္ကသိုလ်များအားနိုင်ငံတကာအဆင့်မီတက္ကသိုလ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီးတက္ကသိုလ်မျာ၏ သင်ကြားမှုနည်းစနစ်များသုတေသနလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအတွက် ဆွေးနွေးမှုများပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရှင်းလင်း‌ြေပကြားခဲ့ပြီးတက္ကသိုလ်များအဆင့်မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။



Bookmark the permalink.

Comments are closed.