သင်ကြားရေးစနစ်များတွင် နည်းပညာရပ်များ အကျိုးရှိအောင် အသုံးပြု


Date : 26 May, 2013

IMG_0387

IMG_0320သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပြသမှုစနစ်တွင် ကျောင်းသား၊ ကျောင်းသူများအား သိရုံ၊ နားလည်ရုံလောက်သာမဟုတ်ဘဲ လက်တွေ့အသုံးချနိုင်သည့် အဆင့်ထိ ရောက်အောင် သင်ကြားပြသရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဌာန၊ ကျောင်းများပိုမို ကောင်းမွန်တိုးတက်လာအောင် အချိန်ပေး၍ စီမံချက်များထားရှိ ကြိုးစားပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့၏အရည်အချင်း မြင့်မားလာအောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် နေရမည်ဖြစ်ကြောင်း၊ ခေတ်မီ တိုးတက်နေသော နည်းပညာရပ်များကို သင်ကြားရေးစနစ်များတွင် အကျိုးရှိအောင် အသုံးချရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ e-Leaning centre နှင့် ကွန်ပျူတာလက်တွေ့ခန်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်းနှင့် နည်းပညာတက္ကသိုလ်များရှိ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အလုပ်ရုံ များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နည်းပညာတက္ကသိုလ်(ဟင်္သာတ)မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.