သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာရည်ချွန်ဆုပေးအပ်


Date : 13 July, 2013

IMG_2052

သိပ္ပံနှင်‌့နည်းပညာဝန်ကြီးဌာန၊ ၂၀၁၃-၂၀၁၄ခု၊ ပညာသင်နှစ် ဝန်ထမ်းသား၊ သမီး များအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ခြောက်ဘာသာမှ လေးဘာသာအထိ ဂုဏ်ထူးရ ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က သုံးဘာသာမှ တစ်ဘာသာ အထိ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_0255



Bookmark the permalink.

Comments are closed.