သုတေသနဌာနများထူထောင်ပြီး သုတေသနများလုပ်ရန်လိုအပ်


Date : 31 July, 2013

IMG_0062

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ ၂၈ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)၌ ဒုတိယပါ မောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူ များအား စာသင်ကြားပေးရုံ သာမကဘဲ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေရန်လိုကြောင်း၊ သုတေသနအခြေပြုသည့် တက္ကသိုလ်များ ဖြစ်လာစေရန် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်များ၌ ကျွမ်းကျင်မှုရှိပြီး နိုင်ငံတကာအဆင့်မီ သုတေသနများလုပ် ဆောင်နေမှသာ ကျောင်းသား၊ ကျောင်းသူများကို တတ်မြောက်အောင် သင်ကြားပေးနိုင်မှာဖြစ်ကြောင်း၊ စေတနာ အပြည့်အဝထား၍ သင်ကြားပေးရန်လည်းလိုအပ်ကြောင်း။
သုတေသနများ လုပ်ဆောင်နိုင်ရန် သုတေသနလက်တွေ့စမ်းသပ်ခန်းများ သေချာစွာ ဖွဲ့စည်းထားရှိပြီး ကောင်းစွာလေ့ကျင့်ပေးနိုင်မှသာ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် သုတေသနနှင့် လက်တွေ့လုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက် လာနိုင်မည်ဟု မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.