ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် သင်ကြားပေး


Date : 26 August, 2013

IMG_0952

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် သြဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာသင်တန်း(လှိုင်)သို့ သွားရောက်ပြီး သင်တန်းမှူး၊ သင်တန်းဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံတကာရှိ သင်တန်းများနှင့်အညီ လက်ရှိသင်ကြားနေသော သင်တန်းများ အဆင့်ပိုမို မြင့်မားစေရေး၊ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေးနှင့် သင်တန်းသစ်များ ထပ်မံဖွင့်လှစ် နိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အရည်အချင်း ပြည့်ဝသော ပညာရှင်များ ဖြစ်လာအောင် မွေးထုတ်သင်ကြားပေးရန်လိုကြောင်းနှင့် သင်တန်းများ ပြီးဆုံးပါက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိရေးစီစဥ် ဆောင်ရွက် ပေးကြရန်လိုကြောင်း မှာကြားကာ ကွန်ပျူတာလက်တွေ့ခန်းများ၊ စာကြည့်တိုက်နှင့် Oracle database administrstion သင်တန်း တက်ရောက်နေမှုများကို ကြည့်ရှုအားပေးသည်။

           ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်ပြီး နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ပုသိမ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်မူဝါဒများ၊ မိမိတု့ိ ဝန်ကြီးဌာနမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို သိရှိနားလည်လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့အတွက် အကျိုးရှိသော၊ အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ ဖြစ်လာအောင် ကြိုးစားနေထိုင်သွားရန် လိုအပ်ကြောင်း၊ ဘက်စုံထူးချွန်သည့် ဘွဲ့ရများဖြစ်စေရေး ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ ကျောင်းများတွင် သက်ဆိုင်ရာသင်တန်းများ တက်ရောကပြီးပါက အလုပ်အကိုင်ရရှိနိုင်စေရေး ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံတော်အတွက် လိုအပ်သည့် သုတေသနများဖြစ်ရန် လိုအပ်ကြောင်း၊ အမှန်တကယ် လက်တွေ့အသုံးပြုနိုင်သော သုတေသနလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများ ပြင်ပလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆွေးနွေး၍ လိုအပ်သည့် ဘာသာရပ် သင်ကြားပြသ ပေးနိုင်ရေး မှာကြားကာ တက္ကသိုလ်နှင့် ကျောင်းတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.