စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးညှိနှိုင်းစည်းဝေး


Date : 11 October, 2013

IMG_0079

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ယမန်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သို့တက်‌ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အာဆီယံအဖွဲ့၀င် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံ အသိုက်အ၀န်းတစ်ရပ် ပေါ်ထွန်း လာရေးအတွက် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ တိုးတက်နေသည့် နည်းပညာ၊ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းနှင့် ကိုက်ညီသော နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်း ထားသည့်ဥပဒေ၊ စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲပြင်ဆင်ရန် အလွန်ပင်အရေးကြီးပါကြောင်း၊ လက်ရှိ သက်မွေးပညာရေးဆိုင်ရာမူဝါဒ၊ သင်ယူမှုအခွင့်အလမ်း၊ ပညာရေးအရည်အသွေး၊ ပညာရေးစနစ်၊ ပညာရေးစီမံခန့်ခွဲမှုစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လက်ရှိကဏ္ဍ တစ်ရပ်လုံးကို ပြည့်ပြည့်စုံစုံ လွှမ်းခြုံနိုင်အောင် လေ့လာဆန်းစစ်ပြီး အားနည်းချက်၊ အားသာချက်များကို ပြုပြင်မွမ်းမံခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ ၁၉၇၄ ခုနှစ်မှ ပြဋ္ဌာန်း ခဲ့ပြီးဖြစ်သော စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာရေးဥပဒေအား ခေတ်နှင့်လိုက်လျော ညီထွေမှုရှိစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဥပဒေပြင်ဆင်ရေးဆွဲ နိုင်ရေးအတွက် တက်ရောက်လာကြသူများ အနေဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်မည့် အစီအစဥ်များကို ဖော်ထုတ်အကြံပြုကြရန် တိုက်တွန်း ပါကြောင်းပြေကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အ‌ကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.