နိုင်ငံတကာအဆင့်မီတက္ကသိုလ်များဖြစ်ရန် ကြိုးပမ်း


Date : 25 January, 2014

2

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပညာရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ဆရာ၊ ဆရာမအားလုံး လုပ်ဆောင် သွားကြရန်၊ သုတေသနခန်းများကို စနစ်တကျနှင့် လုံလောက်စွာထားရှိပြီး ဌာနမှူးများမှစ၍ ဆရာ၊ ဆရာမအားလုံးပါဝင်ကာ သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြရန်၊ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့် စျေးကွက်လိုအပ် ချက်များပေါ် အခြေခံ၍ သုတေသနလုပ်ငန်းများနှင့် သင်ကြားရေးနည်းစနစ်များကို ခေတ်နှင့် လိုက်လျော ညီထွေမှုရှိစေရန် ပြောင်းလဲပြင်ဆင်လုပ်ကိုင်သွားကြရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆရာ၊ ဆရာမများ အရည်အသွေး ပိုမိုမြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ကြရန်၊ စီမံခန့်ခွဲရေး စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်သွားကြရန်။

                  ဌာနအလိုက် Seminar များ စဥ်ဆက်မပြတ်လုပ်ဆောင်ရန် ကျောင်းသား၊ ကျောင်းသူများ၏ အခြေအနေ၊ သင်ကြားရေးစနစ်များ၊ ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲလုပ်ဆောင်နိုင်ရေး၊ သုတေသန ခန်းများတွင် သုတေသနပစ္စည်းများ လုံလောက်မှုရှိစေရေးနှင့် ဆရာနှင့် ကျောင်းသား အချိုးမျှတမှု ရှိစေရေးတို့ကို ဆွေးနွေးအဖြေရှာ လုပ်ဆောင်နေကြရန်၊ လုပ်ဆောင်ချက်တိုင်းတွင် ရည်ရွယ်ချက်များ ထားရှိ လုပ်ဆောင်သွား ကြရန်နှင့် မိမိတို့ဌာန၊ မိမိတို့ကျောင်းတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

                  ထို့နောက် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)ရှိ စာသင်ခန်းများ၊ သုတေသန ခန်းများနှင့်အလုပ်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.