နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ကြည့်ရှုစစ်ဆေး


Date : 17 February, 2014

IMG_0155

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

               ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တိုင်းတွင် ကျောင်းသားဦးရေ နှင့် စာသင်ခန်း၊ လက်တွေ့ခန်းအရေအတွက် ဆရာ၊ ဆရာမဦးရေများ အချိုးညီမျှစွာရှိစေရေး၊ ကျောင်းသားများအား လက်တွေ့ပိုမိုသင်ကြား လေ့ကျင့်ပေးနိုင်ရေးနှင့် သင်ကြားမှု၊ သင်ယူမှုတွင် ကွန်ပျူတာကိုအသုံးပြု၍ ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအလိုက် လက်တွေ့လုပ်ငန်းများကိုပြည့်မီစွာ ပြုလုပ်သင်ကြားနိုင်ရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ဘာသာရပ်ဆိုင်ရာ သင်ကြားမှုများနှင့် လက်တွေ့ လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်လေ့လာထားကြရန် လိုအပ်ပါကြောင်း၊ ဌာနတစ်ခုချင်းစီ အလိုက် နှစ်စဥ်တိုးတက်မှုရှိစေ‌ေရးအတွက် ကြိုးပမ်းကြရန်လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများ အောက်ခြေအထိ ဝန်ထမ်းစည်းမျဥ်း၊ စည်းကမ်းများလိုက်နာတတ်စေရန်နှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာကြရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

               ယင်းနောက် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများမှ ကျောင်း၏ဖွဲ့စည်းထားရှိမှု၊ ဆရာ၊ ဆရာမများလိုအပ်ချက်၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အဆောင်လိုအပ်ချက်များအား ဌာနအလိုက်ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက်ဖြည့်ဆည်းပေးနိုင်မှု အခြေအနေများအား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(သန်လျင်)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.