ကွန်ပျူတာတက္ကသိုလ်များ၏ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 27 February, 2014

IMG_0026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

                  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်တွင် လက်တွေ့ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြုပြင်‌ြေပာင်းလဲရေး ဆောင်ရွက်မှုများနှင့်ကိုက်ညီအောင် မိမိတို့တက္ကသိုလ်များတွင််လည်း ပြုပြင်ပြောင်းလဲမှုများ၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကို စိစစ်သုံးသပ် ရာတွင် လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲရန်နှင့် လက်တွေ့ကျသည့် ရည်မှန်းချက်များ ထားရှိရန် လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီစေရေး၊ အရည်အသွေး မြင့်မားစေရေးနှင့် လက်တွေ့နယ်ပယ်ဖြစ်သော လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်သည့် အဆင့်အထိရောက်အောင် သင်ရိုးညွှန်းတမ်းများဖြစ််ရန် လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းတွင် ပါဝင်သည့် လက်တွေ့လုပ်ဆောင်ရမည့် ဘာသာရပ်များကို သတ်မှတ်ချိန်အတိုင်း လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကျောင်းများအလိုက် စာတွေ့၊ လက်တွေ့ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန်၊ သင်ကြားမှုပိုင်းတွင် ဆရာနှင့် ကျောင်းသား အချိုးမျှတမှုရှိစေရေးနှင့် တက္ကသိုလ်တိုင်းတွင် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော ကွန်ပျူတာစက်ပစ္စည်းများ လုံလောက်မှုရှိစေရေးနှင့် စာကြည့်တိုက်များ ထားရှိစေရေးတို့အတွက် လုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း။

                  သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးနှင့် ဘာသာရပ်များအလိုက် လက်တွေ့ (Practical) လုပ်ဆောင်နိုင်‌ေရး စီစဉ်ဆောင်ရွက်ပေးထားရမည် ဖြစ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ တက္ကသိုလ်များ အဆင့်မြင့်မားလာပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း။

                  လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိတို့ကျောင်းရှိ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများမှ အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတော်၏မူဝါဒနှင့် လုပ်ငန်းစဥ်များကိုသိရှိပြီး မိမိတို့တက္ကသိုလ်အလိုက် ရှေ့လုပ်ငန်းစဥ် များကို စီမံချက်များရေးဆွဲပြီး လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများကို အချိန်အတိုင်းအတာ တစ်ခုအထိ ပိုင်းခြားသတ်မှတ်ရေး၊ လုပ်ငန်းစဥ်အဆင့်ဆင့် ပိုင်းခြား သတ်မှတ်ပြီး ဆွေးနွေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ လက်ရှိတက်ရောက်ဆဲ သင်တန်းသား များအတွက် ဆောင်ရွက်ပေးကြရန် လိုအပ်သလို နောင်အတွက်လည်း ကောင်းမွန်သည့် အုတ်မြစ်ချပေ‌းနိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

                  အဆိုပါ ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီး များ တက်ရောက်ခဲ့ကြပါသည်။

                  ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကွန်ပျူတာတက္ကသိုလ်များ၏ ဘာသာရပ်ဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ ဘာသာရပ် ဆိုင်ရာ ခေါင်းဆောင်များမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ် သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.