နည်းပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ကြည့်ရှုစစ်ဆေး


Date : 1 March, 2014

IMG_0242

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအားတွေ့ဆုံကာ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သတင်းအချက်အလက်နှင့်နည်းပညာရပ် များကို အခြေခံ၍ သင်ကြားမှု၊ သင်ယူမှုစနစ်များကို ဆောင်ရွက်သွားကြရန်၊ တက္ကသိုလ်တိုင်းတွင် ဌာနအလိုက် Seminar ခန်းများထားရှိပြီး Seminar များ စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးရန်နှင့် လက်တွေ့ လုပ်ငန်းများကိုလည်း ပြည့်မီစွာပြုလုပ်သင်ကြားပေးကြရန်၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို ဌာနလိုအပ်ချက်များနှင့်အညီ တည်ဆောက်ထားကြရန်နှင့် Language Lab များ ထားရှိပြီး အင်္ဂလိပ်စာဘာသာရပ်များ တိုးတက်လာအောင် ကြိုးစားပေးကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ စာသင်ခန်း များ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.