တစ်ဦးချင်းစီ လက်တွေ့လုပ်ဆောင်နိုင်စေရန်နှင့် စာတွေ့၊ လက်တွေ့ ဆက်စပ်မှု မိမိတို့ရရှိလာသော အတွေ့အကြုံများကို လက်ဆင့်ကမ်း


Date : 11 March, 2014

IMG_0150

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် မတ်လ ၁၀ ရက်နေ့က ပုသိမ်မြို့ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်ရှိ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ လုပ်ဆောင်မှုများအား လှည့်လည်ကြည့်ရှု၍ လက်တွေ့ လုပ်ဆောင်နေချိန်အတွင်း အန္တရာယ် ကင်းရှင်းမှုရှိစေရေး၊ လက်တွေ့ခန်းများတွင် လည်း လက်တွေ့လုပ်ဆောင်နိုင်သောပစ္စည်းများ စနစ်တကျစီမံထားရှိရေး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်းစီ လက်တွေ့ လုပ်ဆောင်နိုင်စေရန်နှင့် စာတွေ့၊ လက်တွေ့ ဆက်စပ်မှုရှိစေရေး သင်ကြားပြသပေးရန်တို့ကို မှာကြားခဲ့ပါသည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံကာ ကွန်ပျူတာအရေအတွက် လုံလောက်မှုရှိစေရေး၊ Lecture Note များကို သေချာစွာပြင်ဆင်ပြီး ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျသင်ကြားပို့ချပေး‌ေရး၊ မိမိတို့ရရှိလာသော အတွေ့အကြုံများကို လက်ဆင့် ကမ်းပေးသွားကြရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.