ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကြည့်ရှုစစ်ဆေး


Date : 26 May, 2014

3

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ )နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီးသည် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ဗဟန်းနယ်မြေ)သို့ ရောက်ရှိကာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဖြစ်စေရေး ဌာနမှူးများ၊ ဆရာ၊ ဆရာမများ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းကြရန်၊ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ ပြုလုပ်ချိန်များများရရှိ‌ ေဆာင်ရွက်ထားရှိရန် ယခုဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများကိုလည်း ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် အသေးစိတ် စီမံချက်များ ရေးဆွဲထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

               ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ စာတွေ့၊ လက်တွေ့စာသင်ယူနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ အဆင့်မြင့်နည်းပညာတက္ကသိုလ်များဦးစီးကော်မတီ ဥက္ကဌ၊ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် တွေ့ဆုံပြီး တက္ကသိုလ်ရှိဌာနတိုင်းမှ အဆောက်အဦလိုအပ်ချက်၊ ဆရာ၊ ဆရာမအင်အားနှင့် လက်တွေ့ပစ္စည်းများ လုံလောက်မှုအခြေအနေ စသည်တို့အား အသေးစိတ်အချက်အလက် များဖြင့် စီမံချက်ရေးဆွဲတင်ပြကြရန်၊ ထိုစီမံချက်များတွင် လတ်တလောဖြစ်ရန် လိုအပ်နေသော ရေတိုလုပ်ငန်းစဥ်များနှင့် ရေရှည်အတွက် လိုအပ်ချက်များကိုပါ ထည့်သွင်းရေးဆွဲကြရန်၊ လက်ရှိဆောက်လုပ်လျက်ရှိသည့် (၆) ထပ်ဆောင်များပြီးစီးပါက သုတေသနခန်းများ၊ လက်တွေ့ ခန်းများနှင့် စာသင်ခန်းများအဖြစ် စနစ်တကျ ခွဲဝေအသုံးပြုနိုင်ရေး စီမံထားရှိရန်နှင့် နိုင်ငံခြားပညာတော်သင်များ တိုးချဲ့စေလွှတ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

               ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်မှ ရန်ကုန်နည်းပညာတက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေး၊ ဘဏ္ဍာရေးနှင့် ကျောင်းသားရေးရာ ဆိုင်ရာများ ရှင်းလင်းတင်ပြဆွေးနွေးပြီး ဌာနမှူးများမှ ဌာနလိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်းပေးနိုင်မှုများအား နှစ်အလိုက် ဖြည့်ဆည်းပေးသွားမည် ဖြစ်‌ေကြာင်း ပြောကြားခဲ့ပါသည်။

               ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

21



Bookmark the permalink.

Comments are closed.