ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် နျူကလီးယားဆိုင်ရာ သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှု ဘေးအန္တရာယ်များ လျော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ


Date : 2 July, 2014

IMG_5900

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှု (Non Conventional Threat) ဖြစ်သည့် ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် နျူကလီးယား (Chemical၊ Biological၊ Radiological နှင့် Nuclear Explosives-CBRNe)နှင့် စပ်လျဥ်းသည့် ဘေးအန္တရာယ်များ လျော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ဒေသတွင်း CBRNe ဆိုင်ရာ ဆွေးနွေးပြောကြား မှုများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် စွမ်းဆောင်ရည်လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို မျှဝေဖလှယ်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အကူအညီများရရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းသည် နိုင်ငံတကာနှင့် CBRNe ဆိုင်ရာ ဘေးအန္တရာယ်များကို ပူးပေါင်းဆောင်ရွက်ရန်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိပါကြောင်း၊ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်ရာတွင် ဒေသတွင်း အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသများနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ ဥပဒေစည်းမျဉ်းများ အတည်ပြုပြဋ္ဌာန်းဆောင်ရွက်မှုများ စသည်တို့ကို ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂလိကကဏ္ဍများနှင့်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ကမ္ဘာ့ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လက်နက် ဖျက်သိမ်းရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး Ms. Sharon Riggle နှင့် IB Consultancy မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး IB Consultancy မှ ဉီးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Mr. IIja Bonson မှ CBRNe ဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.