မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးသားပေါက်စိုက်ထည့်ပွဲကျင်းပ


Date : 4 July, 2014

IMG_6310

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ (၄) ရက် နံနက် ၉ နာရီခွဲက ပြည်ထောင်စုဝန်ကြီးရုံးရှေ့ ဥပစာမြက်ခင်းပြင် စိုက်ခင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးသားပေါက်စိုက်ထည့်ပွဲ အခမ်းအနား ကျင်းပရာ တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများအား သစ်ပင်များပေးအပ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ် နေရာများ၌ အရိပ်ရလေကာပင်များနှင့် နှစ်ရှည်သီးပင် စားပင်များကို စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများစုပေါင်း သစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး ရေကန် အမှတ်(၁) အတွင်းသို့ ငါးမျိုးသားပေါက်များ စိုက်ထည့်ပေးပြီး ဝန်ထမ်းများကလည်း ငါးမျိုးသားပေါက်များ ဆက်လက် စိုက်ထည့်ပေးကြသည်။
ယနေ့ ကျင်းပသော သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်း၊ ကံ့ကော်၊ သရက်၊ ခရေ၊ ပိန္နဲ၊ ငှက်ပျော၊ မဟော်ဂနီ၊ မယ်ဇလီ၊ တညင်းနှင့် စိန်ပန်းစုစုပေါင်း (၆၅၀) ပင်အား စိုက်ပျိုးပေးပြီး ရွှေဝငါးကြင်း၊ ခေါင်းပွငါးကြင်း၊ မြက်စားငါးကြင်းနှင့် ငါးခုံးမ ငါးသားပေါက်များကို မျိုးစိုက်ထည့်ပေးခဲ့သည်။ ဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ရာ အရိပ်ရ လေကာပင်နှင့် နှစ်ရှည်ပင်စုစုပေါင်း ၂၇၀၇၄ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.