Development Plan နှင့် Master Plan များထားရှိရေးဆွေးနွေး


Date : 5 July, 2014

IMG_6509

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများ၏ Development Plan နှင့် Master Plan များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုအချိန်တွင် တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဥ်အဖြစ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူ များ လက်တွေ့အသုံးချနိုင်သည့် ပညာရပ်များကို ပိုမိုသိရှိနားလည်အောင် လက်တွေ့သင်ကြားပေးနိုင်ရေး၊ ကျောင်း၏ စာသင်ခန်း၊ စာသင်ခုံ၊ လက်တွေ့ သင်ကြားပေးနိုင်မည့် စက်ပစ္စည်းများနှင့် e-Library များကို ပြည့်မီစွာဖြည့်ဆည်း ထားနိုင်ရေး၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များ ထားရှိပေးနိုင်ရေး၊ ကျောင်း၏စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ အဓိကထား လုပ်ဆောင်နိုင်ရေး၊ Development Plan နှင့် Master Plan များ ရေးဆွဲရာတွင် Priority ကို ဦးစားပေး စဥ်းစားရေးဆွဲနိုင်ရေးနှင့် ရေရှည်စီမံချက်များထဲတွင်လည်း သက်ဆိုင်ရာဒေသ လိုအပ်ချက်များကို အဓိကထား စဉ်းစားဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ခေတ္တ ကျောင်းအုပ်ကြီးများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.