လက်တွေ့သင်ခန်းစာများ လုပ်ဆောင်ခြင်းဖြင့် အတွေ့အကြုံနှင့် သင်ခန်းစာကောင်းများရရှိ


Date : 8 July, 2014

IMG_7019

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ ၇ ရက်က နည်းပညာသုတေသနဌာန (ပြင်ဦးလွင်)နှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)ရှိ အလုပ်ရုံ များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး အလုပ်ရုံများ စနစ်တကျ ဖွဲ့စည်းထားရှိရေး၊ အင်တာနက် Facilities များ ကောင်းမွန်စွာ ရရှိစေရေးနှင့် ဆရာ၊ ဆရာမများ နေထိုင်ရန် အဆောင်များ လုံလောက်စွာ စီစဉ် ထားရှှိရေးတို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) သို့ ရောက်ရှိကာ တိကျစက်ပစ္စည်းထုတ်လုပ်မှုအင်ဂျင်နီယာဌာန၏ အလုပ်ရုံ၌ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများအား ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လက်တွေ့လုပ်ဆောင်မှုများမှ အတွေ့အကြုံနှင့် သင်ခန်းစာကောင်းများ ရရှိမည် ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ္တကျောင်းအုပ်ကြီးနှင့် ဌာနမှူး များအား ဌာနအလိုက် Lab ခန်းနှင့် အလုပ်ရုံများခွဲခြားပြီး သီးသန့်စီထားရှိရေး၊ အုပ်ချုပ်ရေးအတွက် သီးသန့်ဆောင်များ ထားရှိရေးတို့အား လမ်းညွှန်မှာကြားပြီး ဆရာ၊ ဆရာမများ နေထိုင်ဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.