စက်မှုနည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)များသို့ ကြည့်ရှုစစ်ဆေး


Date : 8 September, 2014

IMG_0615-1

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ စက်မှုနည်းပညာ မြှင့်တင်ရေး သင်တန်းဌာန(ဘယ်လင်း)သို့ ရောက်ရှိပြီး ဌာနတာဝန်ခံ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံ‌ေတာ်၏ နည်းပညာရပ်ဆိုင်ရာ အခန်းကဏ္ဍများကို မြှင့်တင် ပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သော ဆရာ၊ ဆရာမများ၏ သင်ကြားမှုဆိုင်ရာ အရည်အသွေးများ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ကျွမ်းကျင်မှု အရည်အသွေးများအား နိုင်ငံတကာ အဆင့်နှင့်အညီ စဉ်ဆက်မပြတ် မွမ်းမံလေ့ကျင့်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် ခေတ်မီသော လူ့စွမ်းအားအရင်းအမြစ်များအား ပြုစုပျိုးထောင် မွေးထုတ်ပေးရာတွင် ထိထိရောက်ရောက် ပါဝင်‌ေဆာင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ လက်တွေ့ အသုံးပြုနိုင်ရန် Lab ခန်းများရှိ Lab ပစ္စည်းများကို သင်ကြားပြသရာတွင် ပိုမို၍ကောင်းမွန်စွာနှင့် ကျယ်ပြန့်စွာ သင်ကြားနိုင်ရေး ဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒနှင့်အညီ အလုပ်အကိုင်ရရှိရေး အကြံပြုချက်များရယူကာ တိတိကျကျ ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် စီမံချက်များရေးဆွဲကာ ထိုစီမံချက်များအတိုင်း လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသန ဦးစီးဌာနသို့ ရောက်ရှိပြီး သုတေသနလုပ်ဆောင်နေသော သုတေသီများနှင့် တွေ့ဆုံကာ သုတေသီများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း လုပ်ဆောင် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိပြီး စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့်ဌာနများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.