မော်လမြိုင်မြို့ရှိ နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)သို့ ကြည့်ရှုစစ်ဆေး


Date : 20 September, 2014

IMG_2270

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် စက်တင်ဘာ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိပြီး နည်းပညာတက္ကသိုလ်(မော်လမြိုင်)ရှိ အစည်းအဝေးခန်းမ၌ နည်းပညာတက္ကသိုလ်(မော်လမြိုင်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်) ရှိ ခေတ္တ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ နိုင်ငံဝန်ထမ်းများ အနေဖြင့် ဆရာ၊ ဆရာမများသည် မိမိတို့အဆင့်နှင့် လျော်ညီသော တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို နားလည်သဘောပေါက်ပြီး မိမိတို့၏ အလုပ်တာဝန်ကို အရှိန်အဟုန်မြှင့် ကြိုးစား လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် သင်ကြားမှုနည်းစနစ်များကို တိုးတက်ကောင်းမွန် လာစေရန် အစဉ်လေ့လာသုံးသပ်၍ သင်ကြားပြသရန်လိုအပ်ပါကြောင်း၊ မိမိတို့၏ အရည်အချင်း တိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့၏ ပညာရေးစနစ်သည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ် များတွင် Lab များနှင့် Workshop များ ပြည်စုံမှုရှိစေရေးအတွက် နှစ်အလိုက် ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ စာတွေ့၊ လက်တွေ့သင်ကြားရာတွင် ထိရောက်မှုရှိရန် အရေအတွက်ထက် အရည်အချင်းကိုဦးစားပေး သင်ကြားပေးရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချနိုင်ရန် တတ်အောင်သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် စာသင်ကြားရာတွင် ကွန်ပျူတာကိုအသုံးပြု၍ ဘာသာရပ်သင်ကြားမှုများ တိုးတက်ကောင်းမွန်အောင် ကြိုးစားကြရန်၊ ကျောင်းသားများ၏ အရည်အချင်းတိုးတက်အောင် ဆရာ၊ ဆရာမအနေဖြင့် မည်သို့ပြင်ဆင်သင့်သည်ကို သုံးသပ်မှသာ သင်ကြားမှု၊ သင်ယူမှုတွင် ထိရောက်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် လက်တွေ့စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သေချာစွာလေ့လာထားရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အဆင်သင့်မဖြစ်လျှင် ကျောင်းများ အနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်လာမည့်အချိန်တွင် နောက်ကျ ကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ သင်ကြားမှု၊ လေ့လာမှုအသိပညာများကို နှီးနှော် ဖလှယ်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ဆွေးနွေး ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ အဆင့်နှင့်အညီ ခေတ်မီသော လူ့စွမ်းအားအရင်းအမြစ်များအား ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများ၏ သင်ကြားမှုဆိုင်ရာ အရည်အသွေးများ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုအရည်အသွေးများကို စဉ်ဆက်မပြတ် မွမ်းမံလေ့ကျင့် ပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၏ အသစ်ဆောက်လုပ်ရန်လျာထားသည့် အ‌ေဆာက်အအုံမြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထို့နောက် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာ တက္ကသိုလ်(သထုံ)သို့ ရောက်ရှိပြီး အစည်းအ‌ေ၀းခန်းမ၌ ခေတ္တကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.