နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၁၅)


Date : 8 January, 2015

IMG_8990

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အမျိုးသားပညာရေးနည်းဥပဒေကို ပြဋ္ဌာန်း နိုင်ရေးအတွက် ရေးဆွဲလျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးနည်းဥပဒေတွင် ပါဝင်မည့် နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာကိစ္စရပ်များကို မူဝါဒများ၊ ဥပဒေများနှင့်အညီ ထည့်သွင်းရေးဆွဲလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိဖွင့်လှစ်နေသော သိပ္ပံ၊ ကျောင်း၊ သင်တန်းများအား လက်တွေ့လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် ကျွမ်းကျင် လုပ်သားစျေးကွက်များနှင့် ချိတ်ဆက်၍ ညှိနှိုင်းလေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီးတွင် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် သင်ကြားပေးနိုင်စေရေးအတွက် ကျွမ်းကျင်ဘာသာရပ်များကို ဦးစားပေးရွေးချယ်သင်ကြား လေ့ကျင့်ပေးရန်နှင့် Demand လိုအပ်ချက်အပေါ်မူတည်ပြီး အစိုးရဌာနအချင်းချင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍမှဖြစ်စေ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပူးပေါင်း၍ ဖြစ်စေ တိုးချဲ့ဖွင့်လှစ်ရန်ဖြစ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာသင်ကျောင်း၊ သိပ္ပံများ စုပေါင်း ဖွင့်လှစ်ရန်နှင့် အချိန်ပိုင်းသင်တန်းများပါ ပေါင်းစပ်ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်လုပ်သားများ လေ့ကျင့်သင်ကြားပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် Vocational Training School နှင့် Vocational High School များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် ဒေသလိုအပ်ချက်များအလိုက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး လေ့လာဆန်းစစ်ချက်နှင့် ထောက်ခံအကြံ ပြုချက်များအပေါ် အ‌ေကာင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များမှလည်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_8990



Bookmark the permalink.

Comments are closed.