အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲ


Date : 20 February, 2015

IMG_8868

နိုင်ငံတော်အစိုးရသည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးအတွက် အကြံဉာဏ်များပေးခြင်းနှင့် သင့်လျော်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးနေဝင်းနှင့် ဒေါ်သန်းသန်းရီတို့သည် ယနေ့နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးအတွက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးနေဝင်း မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ နောက်ခံသမိုင်း၊ ခေတ်မီ သော ဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သန်းသန်းရီမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဥပဒေများ၊ အရေးယူဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေကိုသိရှိပြီး သတိပြုဆင်ခြင်နိုင်စေရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်စေရေးတို့အတွက် ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး (တာဝန်)များ၊ ဦးစီးဌာနအသီးသီးမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။IMG_8868



Bookmark the permalink.

Comments are closed.