ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ NPO Institute for Environmental Technology Promotion in Asia မှ အမှုဆောင်ဒါရိုက်တာ Mr. Akio Kawakami အဖွဲ့နှင့်တွေ့ဆုံ


Date : 23 February, 2015

IMG_9412

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Institute for Environmental Technology Promotion in Asia, Non-Profit Organization (IETEPA, NPO) မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ Mr. Akio Kawakami နှင့် အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်လုပ်သားများ၊ အလယ်အလတ်အဆင့် အင်ဂျင်နီယာများကို မွေးထုတ်ပေးရန်ရည်ရွယ်၍ Japan Myanmar Vocational Training Institute တည်ထောင်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် MOU လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ရာ အဆိုပါ Training Institute တည်ထောင်နိုင်ရေးနှင့် စပ်လျဥ်း၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များနှင့် စပ်လဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ Training Institute အား ရန်ကုန်မြို့ရှိ စက်မှုလက်မှုအထက်တန်းကျောင်း (အောင်ဆန်း) တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပထမဦးစွာ Auto Mechanic သင်တန်း အား ဖွင့်လှစ်သွားမည်ြဖစ်ပြီး ဆက်လက်၍ Metal and Machinery Processing၊ Process Control၊ Electric Workနှင့် CAD၊ CAM သင်တန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် NPO Institute for Environmental Technology Promotion in Asia မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9412



Bookmark the permalink.

Comments are closed.