ကွန်ပျူတာကနဦးအစဖြစ်ပေါ်လာပုံနှင့် ၎င်း၏အဆင့်ဆင့်ပြောင်းလဲလာပုံ၏ (၉) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာညီလာခံဖွင့်ပွဲ


Date : 26 August, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေ၊ MICT Park ၌ The 9thInternational Conference on Genetic and Evolutionary Computing (ICGEC-2015) ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးမှ ပြောကြားရာတွင် ဤအပြည်ပြည်ဆိုင်ရာ ညီလာခံသည် နယ်ပယ်စုံမှ ပညာရှင်များနှင့် သုတေသနပညာရှင်များ၏ စာတမ်းများ ဖတ်ရန် အတွက် ထူးခြားသော အခွင့်အရေးကိုပေးသော ညီလာခံလည်းဖြစ်ပါကြောင်း၊ ယနေ့ခေတ် အခါတွင် နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းကို သဘာဝရင်းမြစ်ကို အခြေခံခြင်းမှ လူးသားရင်းမြစ်ကို အခြေခံသောနည်းလမ်းသို့ ပြောင်းလဲနေပြီဖြစ်ပါကြောင်း၊ သဘာဝရင်းမြစ် များမှာ အချိန်ကုန်လွန်လာသည်နှင့်အမျှ ထုတ်နှုတ်သုံးစွဲမှုများရှိလာပြီး လူသား ရင်းမြစ်မှာမူ ထုတ်ယူသုံးစွဲ၍ မကုန်နိုင်ပါကြောင်းနှင့် စီးပွားရေးကို နိုးကြားတက်ကြွလှုံ့ဆော်မှု ရှိလာအောင် လုပ်ဆောင်ရာတွင်လည်း ပို၍ကောင်းမွန်တိုးတက်လာမည်ဖြစ်ပါကြောင်း။

               နိုင်ငံတော်အစိုးရသည် သဘာဝရင်းမြစ်ကို အခြေခံသော စီးပွားရေးမှ ဗဟုသုတ အသိပညာကို အခြေခံသော စီးပွားရေးသို့ နောင်တွင် ပြောင်းလဲရန်အတွက် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နည်းပညာကို အခြေခံသော ပညာရေးသည် လူမှုစီးပွားနယ်ပယ်တွင် လိုအပ်သော အရည်အချင်း များကို ပေးရုံမျှမက လူငယ်များအတွက်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးတွဲလုပ်ဆောင်ခြင်းများ၏ အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေပါကြောင်း၊ ယခု ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်တွင်း၊ ပြည်ပမှ စာတမ်းရှင်များနှင့် ပါ၀င်တက်ရောက်ဆွေးနွေးကြသူများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖြစ်ထွန်းစေမည့် နည်းပညာဆိုင်ရာ တိုးတက်မှုများအပြင် ကွန်ပျူတာကနဦးအစဖြစ်ပေါ်လာပုံနှင့် ၎င်း၏ အဆင့်ဆင့်ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာမှုတို့အတွက် ဗဟုသုတနှင့် အတွေးအခေါ်များ၊ တီထွင် ဆန်းသစ်မှုများကို မျှ‌ေ၀ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

               ထို့နောက် ဂျပန်နိုင်ငံ၊ University of Miyazaki မှ President Dr. Tasuo Suganuma နှင့် တရုတ်နိုင်ငံ၊ Fujian University of Technology မှ President Dr. Xinhua Jiang တို့မှ ညီလာခံနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ခန်းမအတွင်း ပြသထားသော ြပခန်းများ အား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

               အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များရှိ နယ်ပယ်စုံမှ ပညာရှင်များ၊ သုတေသနပညာရှင်များနှင့် အခြားစိတ်ပါ၀င်စားသူ များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းစာတမ်း (၉၃) စောင် တင်သွင်းဖတ်ကြားသွားမည်ဖြစ်ကာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.