ဂျပန် အာကာသယာဉ်မှူး၏ အာကာသအတွေ့အကြုံ ဟောပြောပွဲ


Date : 27 August, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် နေပြည်‌တော်ရှိ Myanmar International Convention Center – II ၌ ကျင်းပပြုလုပ်သော ဂျပန်နိုင်ငံ၊ Association of Space Explorers ၏ အကြီးအမှူးနှင့် World Astronauts Congress ၏ ဥက္ကဋ္ဌဖြစ်သူ ဂျပန်အာကာသယာဉ်မှူး၊ Mr. Soichi Noguchi ၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

            ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေမှ အမှာစကားပြောကြားရာတွင် ယနေ့ ပြုလုပ်သော ဟောပြောပွဲ အခမ်းအနားသည် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေး၊ မြန်မာနိုင်ငံတွင် လေကြောင်းနှင့် အာကာသနည်းပညာအသုံး

ပြုမှု ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုစေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်းများနှင့် အတွေ့အကြုံများရရှိစေရန်၊ ပညာရေးမြှင့်တင် ပြောင်းလဲမှုများကို အထောက်အကူဖြစ်ရန် စသော ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော် လုံခြုံမှုနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိနိုင်ရေး၊ ကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးတို့အတွက် အာကာသနည်းပညာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း မဖြစ်မနေ လိုအပ်ချက်တစ်ရပ်အဖြစ် ရှိလာသည့်အတွက် နိုင်ငံတော်အနေဖြင့် အာကာသနည်းပညာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဂြိုဟ်တုနည်းပညာ ပိုင်ဆိုင်ရေးတို့ အတွက် အာကာသဆိုင်ရာ မူဝါဒများ၊ ရည်မှန်းချက်များနှင့် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အာကာသနည်းပညာ အသုံးပြုမှုနှင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်နိုင်မှုအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ၊ သုတေသနများကိုလည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်အတူ အားလုံးက လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် အာကာသနည်းပညာ အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက် ဆောင်ရွက်သွား မည့် အစီအစဉ်များအတွက် ယနေ့ ဟောပြောပွဲမှ အထောက်အကူပြုမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် ဂျပန်အာကာသယာဉ်မှူး Mr. Soichi Noguchi မှ အာကာသခရီး အတွေ့အကြုံများနှင့် ဗဟုသုတများအား ဟောပြောပို့ချခဲ့ပါသည်။

            အဆိုပါ ဂျပန်အာကာသယာဉ်မှူး Mr. Soichi Noguchi ၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ အခမ်းအနားသို့ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.