TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်းဆောင်ရွက်နိုင်ရန် Record of Discussion လက်မှတ်ရေးထိုးပွဲ အခမ်းအနား


Date : 1 September, 2015

DSC_0065

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် အဆိုပါ၀န်ကြီးဌာန၊ အစည်းအ‌ေ၀းခန်းမ၌ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency-KOICA) နှင့် နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ဆရာအတတ်သင် လေ့ကျင့်ရေးသင်တန်းကျောင်း (TVET Teacher Training Institute) တည်ထောင်နိုင်ရေး စီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးမှုဆိုင်ရာ သဘောတူညီမှုမှတ်တမ်း (Record of Discussion) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိပြီး လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နည်းပညာနှင့် သက်မွေးပညာရေးသည် နိုင်ငံအားလုံးအတွက် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နည်းပညာနှင့်သက်မွေးပညာရေးစနစ်မှာ တစ်ဦးချင်း တစ်ယောက်ချင်းစီ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

               ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် နည်းပညာနှင်‌့ သက်မွေးပညာရေးဦးစီးဌာနတို့အကြား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများ၊ အကြံဉာဏ်များ၊ နည်းစနစ်များ ရရှိရန်အတွက် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးမှုဆိုင်ရာ သဘောတူညီမှုမှတ်တမ်း (Record of Discussion) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် နည်းပညာနှင့်သက်မွးပညာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် သိသာထင်ရှားသည့် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ရပ်တည်နိုင်မှာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ သက်မွေးပညာရေး လေ့ကျင့်မှုအတွက် အောင်မြင်သည့် ရလာဒ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် Korea International Cooperation Agency (KOICA) မှ ဥက္ကဋ္ဌဖြစ်သူ Mr. NAM, Kwon-Hyoung တို့မှ Record of Discussion အား နှစ်ဦးနှစ်ဖက် အပြန်အလှန် လဲလှယ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

               ထို့နောက် Chief Resident Representative of the Korea International Cooperation Agency Myanmar Office မှ Mr. NAM, Kwon-Hyoung နှင့် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး၀င်းမော်ထွန်းတို့မှ TVET Teacher Training Institute တည်ထောင်နိုင်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် Record of Discussion လက်မှတ် ရေးထိုးပွဲနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

               အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသည် ြမန်မာနိုင်ငံတွင် TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ြပီး အဆိုပါ TVET Teacher Training Institute တွင် ဆရာ၊ ဆရာမများနှင့် စီမံအုပ်ချုပ်သူများ အရည်အသွေး မြှင့်တင်ရေးအတွက် သင်တန်းများ ပို့ချခြင်း၊ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပြီး နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DSC_0056



Bookmark the permalink.

Comments are closed.