ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 6 September, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဟင်္သာတမြို့သို့ ရောက်ရှိပြီး ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

               ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများသည် တစ်ဦးချင်းစီမှစ၍ မိမိတို့၏ဌာန၊ ကျောင်းများ ပိုမိုကောင်းမွန်တိုးတက် လာအောင် အချိန်ပေး၍ စီမံချက်များထားရှိ၍ ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တက္ကသိုလ်များအနေဖြင့် Autonomous University အဖြစ် လွတ်လပ်စွာ ရပ်တည်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးက ကြိုတင်ပြင်ဆင်ကြရန်နှင့် အတူတကွ ပူးပေါင်းကြိုးစားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ် ထားသော လမ်းညွှန်ချက်များနှင့် မူ၀ါဒများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့တက္ကသိုလ်များအား နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်များ ဖြစ်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုအရည်အသွေး (Quality Management System)ကို ဦးစွာပြင်ဆင်ရမှာဖြစ်ြပီး ISO လက်မှတ် ရရှိရေးအတွက် ပထမအဆင့်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

               သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ Autonomous University ဖြစ်လာပြီဆိုလျှင် မိမိတို့တက္ကသိုလ်ကြီး တိုးတက်အောင်မြင်နေဖို့အတွက် ဝိုင်းဝန်းကြိုးစားလုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ခန်းများ၊ Lab ခန်း၊ e-Leaning Centre ၊ ကွန်ပျူတာလက်တွေ့ခန်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ) သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ လေ့လာသင်ယူနေသော ပညာရပ် များကို ဂရုတစိုက်လေ့လာသင်ယူကြရန်နှင့် အမှန်တကယ် တတ်မြောက်အောင် လေ့လာသင် ယူကြရန် လိုအပ်ပါကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်တတ်မြောက်အောင် ဝင်ရောက် လုပ်ကိုင်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ဘက်စုံတတ်မြောက်အောင် ကြိုးစား သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ တက္ကသိုလ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသလို ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ထူးချွန် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ဟင်္သာတ)သို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.