မိတ္ထီလာမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ််၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကျောက်ဆည်မြို့ရှိ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ကြည့်ရှုစစ်ဆေး


Date : 20 September, 2015

P1

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် စက်တင်ဘာလ (၁၉) ရက်နေ့က မိတ္ထီလာမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့် မူဝါဒများကို လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း၊ စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များ အနေဖြင့် Autonomous University အဖြစ် လွတ်လပ်စွာရပ်တည်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးက ကြိုတင်ပြင်ဆင်ကြရန်နှင့် အတူတကွ ပူးပေါင်းကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်တစ်ခု၏ အရည်အသွေး အသိအမှတ်ပြုမှုနှင့် အရည်အသွေး အာမခံချက်များရှိရန်လည်း လိုအပ်ပါ ကြောင်း၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ တွင်လည်း အားနည်းချက်အားသာချက်များကို အမြဲတမ်းလေ့လာသုံးသပ်ပြီး နှစ်စဉ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)ရှိ စာသင်ခန်းများ၊ Lab ခန်းများ နှင့် ကွန်ပျူတာလက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)သို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ခန်း၊ လက်တွေ့ ခန်းနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)သို့ သွားရောက်ကာ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေး ခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်းနှင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

P2



Bookmark the permalink.

Comments are closed.