စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းသို့ ကြည့်ရှုစစ်ဆေး


Date : 22 September, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (Singapore Myanmar Vocational Training Institute – SMVTI) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် နည်းပညာနှင့် သက်မွေးပညာရေးအခန်းကဏ္ဍသည်များစွာအရေးပါပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နည်းပညာနှင့်သက်မွေး ပညာကဏ္ဍအပါအဝင် ပညာရေးမြှင့်တင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာရောက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အများပြည်သူနှင့် သက်ဆိုင်သော စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို အရည်အချင်း တိုးမြှင့်နိုင်ရေးတို့ အတွက် အဓိကဆောင်ရွက်ရာရောက်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကိုသိရှိပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာသင်တန်း (Hospitality and Tourism) များနှင့် ပတ်သတ်၍ စာတွေ့၊ လက်တွေ့သင်ကြားပြသမှုများ၊ လက်တွေ့ခန်း များတွင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများနှင့် သင်ထောက်ကူပစ္စည်းများတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

            အဆိုပါ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်နှင့်ခရီး သွားလာရေးသင်တန်း (Hospitality and Tourism)ကို စက်တင်ဘာလ (၂၈) ရက်နေ့မှစ၍ စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး အီလက်ထရောနစ်ဆိုင်ရာ ကျွမ်းကျင်မှု (Electrical Skills and Electronics)၊ အဆောက်အဦနှင့် ဝန်ဆောင်မှု များဆိုင်ရာ စီမံခန့်ခွဲမှု (Facilities Management)၊ စက်မှုအတတ်ပညာဆိုင်ရာ ဝန်ဆောင်မှု (Engineering Services) သင်တန်းများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့

မှစ၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှာ (၆) လ ကြာမြင့်မည် ဖြစ်ပြီး အဆိုပါ သင်တန်းများကို စင်ကာပူနိုင်ငံ ITE ကျောင်း၏ သင်ရိုးများနှင့်အညီ စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.