မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်နှင့် အင်္ဂလန်နိုင်ငံအခြေစိုက် Surrey Satellite Technology Ltd. နှင့် University of Surrey တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနား


Date : 24 September, 2015

DSC_0050

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်နှင့် အင်္ဂလန်နိုင်င ံအခြေစိုက် Surrey Satellite Technology Ltd. နှင့် University of Surrey တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအာကာသအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာကာသနည်းပညာနှင့် အသုံးချမှုများကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက် အလက်၊ ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် မိုးလေဝသနှင့်ဇလဗေဒအစရှိသော ကဏ္ဍပေါင်းစုံတွင် မရှိမဖြစ် အသုံးပြု လာပြီဖြစ်၍ အာကာသနည်းပညာနှင့် ၎င်း၏အသုံးချမှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေး အနက်ထား ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း။
နိုင်ငံတော်လုံခြုံရေးနှင့် လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတွင် အာကာသနည်းပညာ နှင့် အသုံးချမှုများသည် အလွန်အရေးပါလျက်ရှိပြီး နိုင်ငံတော်အနေဖြင့် အာကာသနည်းပညာနှင့် အသုံးချမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂြိုလ်တုနည်းပညာ ရရှိရေးတို့အတွက် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချမှုများ၊ နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားအာကာသ အေဂျင်စီတည်ထောင်ရာတွင် လိုအပ်သော အာကာသ ဥပဒေများ၊ ပြည်တွင်း၊ ပြည်ပမှ အာကာသနှင့် ဆက်စပ်လုပ်ကိုင်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် အများပူးပေါင်းပါဝင်သော အာကာသမူဝါဒများ ချမှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း။
ယနေ့ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်နှင့် အင်္ဂလန်နိုင်ငံ၊ Surrey Satellite Technology Ltd. နှင့် University of Surrey တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် အမျိုးသား အာကာသအစီအစဥ်၏ ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ အာကာသနည်းပညာနှင့် အသုံးချမှုများသည် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ရှိ ပြည်သူများ၏ လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အကျိုးရှိမည့် ဆောင်ရွက်ချက်များကို အာကာသ နည်းပညာနှင့် အသုံးချမှုများကို အသုံးပြု၍ လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် Introduction to Satellite Technology Sir Martin sweeting နှင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်တို့က မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်နှင့် အင်္ဂလန်နိုင်ငံအခြေစိုက် Surrey Satellite Technology Ltd. နှင့် University of Surrey တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု အား လက်မှတ်ရေးထိုးကြပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသည် မြန်မာနိုင်ငံတွင် အာကာသနည်းပညာဆိုင်ရာ အသုံးချမှုများနှင့် ဂြိုလ်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဂြိုလ်တု နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံလိုအပ်ချက် များကို ပူးပေါင်းလေ့လာဆောင်ရွက်သွားနိုင်ရန်ဖြစ်ပြီး အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ အင်္ဂလန်နိုင်ငံ အခြေစိုက် Surrey Satellite Technology Ltd. နှင့် University of Surrey တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DSC_0061



Bookmark the permalink.

Comments are closed.