မြန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ (Chemical Weapons Convention – CWC) ဆိုင်ရာ Annual Declaration ပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေး


Date : 24 September, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ (Chemical Weapons Convention – CWC) ဆိုင်ရာ Annual Declaration ပြုလုပ်ရန်အတွက် CWC အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးအဖွဲ့ (National Authority) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

            ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်က ပြောကြားရာတွင် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (CWC) အရ နှစ်စဉ်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံမှ နှစ်စဉ်ကြေငြာချက် (Annual Declaration) ပြုလုပ်နိုင်ရေးအတွက် တားမြစ် ကန့်သတ်ထားသော Schedule Chemicals များကို စာရင်းပြုစုလျက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြည့်သွင်းပေးပို့ရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ မှ Schedule Chemicals များ၏ စာရင်းပြုစု၍ နှစ်စဉ်ကြေငြာချက် (Annual Declaration) ကို သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖြန့်ဝေထားသော ပုံစံများကို ဖြည့်သွင်းရာတွင် ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ရန်ရှိသည့် Schedule Chemical များကိုလည်း ဖြည့်သွင်းပေးရမှာ ဖြစ်ပါကြောင်း၊ တက်ရောက်လာသော National Authority အဖွဲ့ဝင်အားလုံး ဆွေးနွေး တိုင်ပင်ပြီး လိုအပ်သည့်အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

            အဆိုပါ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention – CWC)ကို မြန်မာနိုင်ငံက ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၌ စာချုပ်တွင် အတည်ပြုပါ၀င်လာခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် (၁၉၁) နိုင်ငံမြောက် စာချုပ်၀င်နိုင်ငံဖြစ်လာပြီး အဆိုပါ ဓာတု လက်နက်တားဆီးပိတ်ပင်ရေး စာချုပ်အရ ဓာတုလက်နက်များ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ စုဆောင်းခြင်းနှင့် လွှဲပြောင်းခြင်းကို တင်းကျပ်စွာ တားမြစ်ထားလျက် အဖွဲ့၀င်နိုင်ငံများ အနေဖြင့် စုပုံနေသော ဓာတု လက်နက်များနှင့် ဆက်စပ်ထုတ်လုပ်ထားသောပစ္စည်းများ၊ ဟောင်းနွမ်းနေသော ဓာတုလက်နက်များကို ဖျက်ဆီးရန်နှင့် ပွင့်ပွင့်လင်းလင်းကြေညာသွားရန်ဖြစ်ပါသည်။

            အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦး၀င်းခိုင်မိုးက CWC ဆိုင်ရာ Initial Declaration ပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက Annual Declaration ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.