မကွေးမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေးခြင်း


Date : 21 October, 2015

p1

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးမြို့ရှိ နည်းပညာတက္ကသိုလ်(မကွေး)၊ ကွန်ပျူတာ တက္ကသိုလ်(မကွေး)နှင့် အစိုးရနည်းပညာအထက်အတန်းကျောင်း(မကွေး)ရှိ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့ပါသည်။

               ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြောကြားရာ၌ နိုင်ငံတော်တွင် လက်တွေ့ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိရာတွင် Quality Education ကို ဦးတည်သွားနေသည်ဖြစ်၍ ပညာရည်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ကြိုးစားမှုသည် အလွန်အရေးကြီးပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းပြည့်ဝမှုရှိစေရေးအတွက် စာတွေ့၊ လက်တွေ့များကို လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်သကဲ့သို့ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်အား နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များ ဖြစ်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်မှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း များရှိ ဘာသာရပ်အလိုက် လိုအပ်သော စာသင်ခန်းများ၊ အလုပ်ရုံများနှင့် Lab ပစ္စည်းများကို နှစ်စဥ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း IT နည်းပညာကို အကျိုးရှိရှိအသုံးချ၍ သင်ကြားပို့ချပေးကြရန်လိုအပ်ပါကြောင်းနှင့် ကျောင်းအလိုက် ဖြည့်ဆည်းပေးရေးလိုအပ်ချက်များနှင့် အခြားအခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြ ကြရန်တို့ကို မှာကြားပါသည်။ နည်းပညာတက္ကသိုလ်(မကွေး)မှ ဌာနအလိုက် ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ စီမံ၊ ဘဏ္ဍာဝန်ထမ်းများက ၎င်းတို့၏ အခက်အခဲများနှင့် ဆောင်ရွက်ပေးရန် ရှိသည်များကို ပွင့်လင်းစွာ ဖော်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးမှ ပြန်လည်ရှင်းလင်း ပြောကြား ခဲ့ပါသည်။

               ထို့နောက် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မကွေး)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများနှင့် Lab ပစ္စည်းများဖြည့်ဆည်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

               ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး စာသင် ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 p5



Bookmark the permalink.

Comments are closed.