ASEAN + 3 Science Technology and Innovation Ministerial ဖိုရမ်သို့ တက်ရောက်ခြင်း


Date : 26 October, 2015

ASEAN+3

အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် သိပ္ပံနှင့်နည်းပညာ၀န်ကြီးအဆင့် ASEAN + 3 Science Technology and Innovation Ministerial Forum ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဒေဂျုံးမြို့၊ ဒေဂျုံးကွန်ဗန်းရှင်းစင်တာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက် ခဲ့ပါသည်။

အဆိုပါ ဖိုရမ်တွင် (၂၁) ရာစု အာရှနိုင်ငံများ၏ မျှော်မှန်းချက်များအတွက် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်နှင့် ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်များ ရေးဆွဲ နိုင်ရန် ဦးတည်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်း ဆောင်ရွက်ရေး တိုးတက်လာစေရေး၊ နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု မျှဝေဆောင်ရွက်နိုင်ရေး၊ အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆောင်ရွက်မည့်် အစီအစဥ်များနှင့် ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဥ်များ အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ၀န်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် OECD အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့် အဖွဲ့သည် အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေ ၆ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ Ministry of Science, ICT and Future Planning ဝန်ကြီး H.E. Mr. Choi Yanghee နှင့် တွေ့ဆုံ၍ သတင်းအချက်အလက်နည်းပညာ သုတေသနဌာန ထူထောင်ရေးနှင့် နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ASEAN+3



Bookmark the permalink.

Comments are closed.