OECD Ministerial-level Meeting နှင့် World Science and Technology ဖိုရမ်သို့ တက်ရောက်ခြင်း


Date : 27 October, 2015

OECD-1

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဖြင့် မိမိတို့၏ တူညီသည့်အနာဂါတ်ကို ဖန်တီးခြင်းဟူသည့် ဦးတည်ချက်ြဖင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဒေဂျုံးမြို့၊ ဒေဂျုံးကွန်ဗန်းရှင်း စင်တာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပခဲ့သည့် OECD(Organization for Economic Co-operation and Development) Ministerial-level meeting နှင့် World Science and Technology ဖိုရမ်သို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့် အဖွဲ့တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ ဖိုရမ်တွင် ဆန်းသစ်တီထွင်မှု မဟာဗျူဟာလုပ်ငန်းများချမှတ်နိုင်ရေး၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုများတွင် ြပည်သူများ၏ရင်းနှီးမြှပ်နှံမှုများ ထိရောက်စွာမြှင့်တင်နိုင်ရေး၊ (၂၁) ရာစုအတွက် သိပ္ပံဆိုင်ရာမူ၀ါဒများ၊ ကျန်းမာရေးဆိုင်ရာ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂါတ်၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ နည်းပညာ အသစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုတို့ကို အဓိကထား ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံပေါင်း (၅၇) နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း (၁၂) ခုမှ ကိုယ်စားလှယ်ပေါင်း (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ ကိုယ်စားလှယ် များမှ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်ခေတ်အတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင််မှု မူဝါဒများဆိုင်ရာ ပူးတွဲကြေညာစာတမ်း Dajeon Declaration ကို လတ်မှတ်ရေးထိုး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

OECD-1



Bookmark the permalink.

Comments are closed.