ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သို့ ကြည့်ရှုစစ်ဆေး


Date : 21 November, 2015

DSC_02642

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

               ထိုသို့ တွေ့ဆုံရာတွင် ပါမောက္ခချုပ်မှ နည်းပညာတက္ကသိုလ်(သန်လျင်)၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမ များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်များကို စာတွေ့၊ လက်တွေ့တတ်မြောက်အောင် သင်ကြားပေးကြရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ၍ စည်းကမ်း ပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန်နှင့် ဘက်စုံအရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွွက်သွားကြရန် လိုအပ်ပါကြောင်း။

               တက္ကသိုလ်များသည် နောင်တွင် Autonomous University များ ဖြစ်လာမည်ဖြစ်၍ မိမိတို့၏ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များထားပြီး သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေး၊ ကျောင်းသား ရေးရာနှင့် ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များစသည်တို့ကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အရည်အချင်း အာမခံချက်ရှိသော Autonomous University အဖြစ် ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့်လည်း နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ Lab ခန်းများနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်း(ရွာမ) သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လက်တွေ့ခန်းနှင့် အလုပ်ရုံများကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြရန်၊ လက်ရှိသင်ကြားလျက် ရှိသည့် ဘာသာရပ်သင််တန်းများတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသားများ ပိုမို အရည်အချင်း ပြည့်ဝစေရေး ဆောင်ရွက်ကြရန်နှင့် ပြင်ပကုမ္ပဏီများဖြင့် ချိတ်ဆက်ထားရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်အောင် လိုအပ်သည့်ကျွမ်းကျင်မှုများရရှိအောင် ဆောင်ရွက်ပေးကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ခေတ်စနစ်၏ တိုးတက်ပြောင်းလဲနေသော အခြေအနေများအလိုက် စဥ်ဆက်မပြတ်လေ့လာပြီး ကျောင်းသား၊ ကျောင်းသူများအား စာတွေ့၊ လက်တွေ့ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးကြရန်၊ စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင်‌့တရား ကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် သွန်သင်ဆုံးမပေးကြရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.