အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ ပေါ်ထွက်လာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 23 November, 2015

????????????????????????????????????

ြမန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသာမက နိုင်ငံသားများအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy) ပေါ်ထွက်လာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ အမျိုးသားအသိဉာဏ် ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ ပေါ်ထွက်လာရေးအတွက် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO)မှ ကျွမ်းကျင်ပညာရှင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သုတေသနဌာနများ၊ တက္ကသိုလ်များ၊ အစိုးရမဟုတ်သော အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပြီး လိုအပ်သော အချက်အလက်များကို ရယူခဲ့ပါကြောင်း၊ ၎င်း အချက်အလက်များအပေါ် အခြေခံ၍ WIPO မှ မြန်မာနိုင်ငံတွင် အမျိုးသား အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် မူဝါဒများ ပေါ်ထွက်လာရေးအတွက် ပထမအကြိမ် အစီရင်ခံစာမူကြမ်းကို ပေးပို့လာပြီး ၎င်းမူကြမ်းအပေါ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများထံသို့ သဘောထားမှတ်ချက်များကို တောင်းခံထားပြီးဖြစ်၍ WIPO မှ ပေးပို့လာသော အစီရင်ခံစာမူကြမ်းတွင် ထပ်မံထည့်သွင်းလိုသည့် အချက်အလက်များနှင့် အကြံပြုချက်များရှိပါက ထည့်သွင်းနိုင်ရန်နှင့် မူကြမ်းတွင်ပါဝင်သော အချက်အလက်များအား ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ယခု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

               အဆိုပါ အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy) ပေါ်ထွက်လာရေးအတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်အစိုးရမှ ကူညီပံ့ပိုးပေးပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO) နှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပြီး အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများ ဖြစ်သော ကုန်အမှတ်တံဆိပ်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲပြီး အတည်ပြုနိုင်ရန်အတွက် လွှတ်တော်သို့ တင်ပြပြီးဖြစ်ပါသည်။

               အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy) ပေါ်ထွက်လာရေးအတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြ‌ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.