ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 27 November, 2015

ddd

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)

နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း(ကျိုင်းတုံ)မှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ ပါသည်။

               ထိုသို့ တွေ့ဆုံရာတွင် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)ရှိ ကျောင်းအုပ်ကြီးများက လက်ရှိဆောင်ရွက် နေသော လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည် များကို တင်ပြကြရန် ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)ရှိ ဆရာ၊ ဆရာမ များအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ် ပေးသော (၁၀)ခန်းတွဲနှစ်ထပ် ဆရာ၊ ဆရာမများအဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.