National ICT Award 2015 (Educational Project) ပြိုင်ပွဲ ကျင်းပ


Date : 28 November, 2015

????????????????????????????????????

ပညာရေးကဏ္ဍတွင် ICT နည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန်၊ အခွင့် အလမ်းများ ပေါ်ထွက်လာစေရန်နှင့် သင်ကြား​ရေးအထောက်အကူပြု ပရိုဂရမ်များ ထွက်ပေါ် လာစေရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပသော National ICT Award 2015 အတွက် Education Project Competition ပြိုင်ပွဲ အပြီးသပ်စိစစ်ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ၊ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               ပြိုင်ပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ လူ့စွမ်းအားအရည်အသွေး၊ စွမ်းဆောင်ရည် အနိမ့်အမြင့်ပေါ် မူတည်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ပညာအရည်အသွေး မြင့်မားသော နိုင်ငံသည် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှုရှိပြီး တစ်ဖန်ဖွံ့ဖြိုးသောနိုင်ငံသည် အရည်အသွေးမြင့်မားသော ပညာရေးကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်း၊ သတင်းအချက်အလက် နှင့် နည်းပညာခေတ်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသည် ကဏ္ဍစုံ အတွက် သာမက ပညာရေးကဏ္ဍမှာလည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အရည်အသွေး စွမ်းရည်မြင့်မားအောင် အထောက်အကူပြုနိုင်သော အဆင့်မြင့် နည်းပညာတစ်ခု ဖြစ်ပါကြောင်း။

               မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆက်စပ်အသင်းများသည် ပုဂ္ဂလိကကဏ္ဍဘက်မှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးလုပ်ငန်းများကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် လုပ်ဆောင်ပေးရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနိုင်အောင် ကြိုးစားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးအောင်စိုးမိုးက National ICT Award 2015 (Education Project) ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲ စည်းကမ်းချက်များအား ရှင်းလင်းခဲ့ပါသည်။

               ထို့နောက် Nat

ional ICT Award 2015 Education Project Competition ပြိုင်ပွဲကို မူလတန်းအဆင့်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၊ အထက်တန်းအဆင့်ပြိုင်ပွဲ၊ ဆရာ အဆင့်ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

               အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်း အသီးသီးမှ အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.