တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းများသို့ ကြည့်ရှုစစ်ဆေးခြင်း


Date : 1 December, 2015

K1

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် နိုဝင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက် တန်းကျောင်းနှင့် ချောက်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် ပညာရေးစနစ်သည် Quality Education ကို ဦးတည် သွားနေသည်ဖြစ်၍ ပညာရည်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ကြိုးစားမှုသည်လည်း အလွန် အရေးပါပြီး ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းပြည့်ဝမှုရှိစေရေးအတွက် စာတွေ့၊ လက်တွေ့များကို လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်သကဲ့သို့ ဆရာ၊ ဆရာမများကလည်း ဘာသာရပ်များကို အစဥ်လေ့လာရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးက သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ အား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရမှာ ဖြစ်ပြီး IT နည်းပညာကို အကျိုးရှိရှိ အသုံးချ၍ သင်ကြားပို့ချပေးကြရန် လိုအပ်ပါကြောင်း။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင်မှု အခွင့်အလမ်းများ ရရှိစေရန်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများတွင် ဒေသနှင့်ကိုက်ညီသောသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် စက်မှုနည်းပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရန်ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

               ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

  pho2



Bookmark the permalink.

Comments are closed.