သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 17 December, 2015

????????????????????????????????????

နိုင်ငံတော်၏ အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အား ဖြစ်သော သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် အောင်မြင်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများ စုပေါင်းရှာဖွေဖော်ထုတ်ရန်အတွက် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Workshop on Science and Technology Strategy Development) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်း များကို အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိက စက်မှုကုန်ထုတ်လုပ်ငန်းရှင်များ၊ သုတေသနဖွံ့ဖြိုးရေးဌာန များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများအချင်းချင်း ပူးပေါင်းချိတ်ဆက‌်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် စက်မှုကုန်ထုတ် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတကာ အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရေးနှင့် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးအတွက် အမျိုးသားအဆင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ရှာဖွေ ဖော်ထုတ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

               ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးြဖစ်အောင် ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာတွင် ြပည်သူတို့၏ လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကဏ္ဍတစ်ရပ် ဖြစ်၍ သုတေသနလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်ကြပြီး အောင်မြင်လာသောအခါ ရလဒ် ကောင်းများကို လက်တွေ့ကျကျ အကျိုးရှိရှိအသုံးချနိုင်ရေးကို ရှေးရှုဆောင်ရွက်ကြရမှာ ြဖစ်ပါ ကြောင်း၊ သုတေသနလုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍစုံ၌ တိုးတက်မြင့်မားလာမည်ြဖစ်ပါကြောင်း၊ တက္ကသိုလ်များအလိုက် သုတေသနလုပ်ဆောင်မှုများကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်နှင့် ကဏ္ဍအလိုက်၊ ဌာနများအလိုက် ဆောင်ရွက်နေကြသည့် သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ြဖစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံ အချို့နှင့် နှိုင်းယဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ Indicator များ ဖြစ်သော သုတေသနနှင့်ဖွံ့ဖြိုးမှု R&D Personnel, R&D Outputs ဖြစ်သည့် International Journal Publication, Patent, Technology Licensing အရေအတွက်သည် နည်းပါးလွန်း သည်ကို တွေ့ရပါကြောင်း။

               ယခုအခါ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာဥပဒေအသစ်ကို ပညာရှင်များ ပါဝင်ရေးဆွဲခဲ့ပြီးဖြစ်၍ မကြာမီကာလတွင် ပြဋ္ဌာန်းအတည်ပြုပြီး သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုဖွံ့ဖြိုးရေးဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းကို ဖွဲ့စည်းဆောင်ရွက် နိုင်တော့မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းနယ်ပယ်များ ရွေးချယ်သတ်မှတ်ခြင်း၊ ဦးစားပေးအစီအမံများ ချမှတ်ခြင်း၊ အရည်အချင်းပြည်‌့ဝသောသုတေသီများ လေ့ကျင့်ပျိုးထောင်ရေး အစီအမံများ၊ ဆောင်ရွက်သွားနိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် Korea Development Institute မှ Consultant က ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွက် ကိုးရီးယားအသိပညာမျှဝေရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

               အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Strategy and Finance တွင်ရှိသော Korea Development Institute (KDI) ၏ မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ် ကိုးရီးယားအသိပညာ မျှဝေရေးအစီအစဥ် (Knowledge Sharing Program) အရ ဆောင်ရွက် ခဲ့သော မြန်မာနိုင်ငံ သုတေသနနှင့်ဖွံ့ဖြိုးရေးကဏ္ဍကို လေ့လာသုံးသပ်ခြင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍတောင့်တင်းခိုင်မာစေရန် မူဝါဒဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးကူညီခြင်းတို့ကို သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများအား ပြန်လည်မျှဝေပေးရန်နှင့် ၂၀၁၅ ခုနှစ် ကိုးရီးယားအသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program) အရ ဆောင်ရွက်လျက်ရှိသော အမျိုးသားအဆင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများ ရှာဖွေဖော်ထုတ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများနှင့် တာဝန်ရှိသူများ၊ Korea Development Institute မှ တာဝန်ရှိသူများက သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြ‌ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.