National Spatial Data Infrastructure – NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ တတိယအကြိမ်အစည်းအဝေး


Date : 21 December, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ Center of the International Cooperation for Computerization – CICC ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော National Spatial Data Infrastructure – NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ တတိယအကြိမ် အစည်း အဝေးကို ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယ၀န်ကြီးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ Ministry of Economy, Trade and Industry ဝန်ကြီးဌာနတို့က ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော NSDI စီမံကိန်းဆိုင်ရာ Promotion Seminar များ၊ ယခင် အစည်းအဝေးများမှ ရရှိလာသော ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအလိုက် ဆပ်ကော်မတီဝင်များအား လျာထားသတ်မှတ်ခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသော တတိယအကြိမ် အစည်းအဝေးတွင် ဆပ်ကော်မတီဝင် များ၏ လုပ်ငန်းတာဝန်များကို ဂျပန်နိုင်ငံ၊ Geospatial Information Authority (GSI) နှင့် စီမံကိန်းအကောင်အထည်ဖော်ရေး အထောက်အကူပြု ကျွမ်းကျင်သူ စေလွှတ်ရေးအဖွဲ့ဖြစ်သော The Overseas Human Resources and Industry Development Association (HIDA) မှ ကျွမ်းကျင်ပညာရှင်များက အသီးသီးတင်ပြဆွေးနွေးသွားမည်ဖြစ်၍ NSDI စီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များမှလည်း ဆွေးနွေးညှိနှိုင်းသွားကြစေလိုပါကြောင်း။

               ထို့အပြင် NSDI စနစ် အကောင်အထည်ဖော်ရေး အထောက်အကူပြု ကျွမ်းကျင်သူ စေလွှတ်နိုင်ရေး အစီအစဉ်အတွက် ဂျပန်နိုင်ငံ၊ The Overseas Human Resources and Industry Development Association (HIDA) ၏ ကမ်းလှမ်းတင်ပြထားမှုအရ RoD ရေးထိုး ခဲ့ပြီး ယင်းအစီအစဉ်အရ လာမည့်ခြောက်လအတွင်း NSDI စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီကို များစွာအထောက်အကူပြုစေမည့် ကျွမ်းကျင်သူ (၂) ဦးမှ (၄) ဦးအထိ လစဉ် စေလွှတ်ရန် အစီအစဉ်များ ရှိလာမှာဖြစ်ပါကြောင်း၊ NSDI စနစ်သည် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်မည့် စီမံကိန်းများအချင်းချင်းအကြား မူဝါဒညှိနှိုင်းဖော်ထုတ်နိုင်ရန် လိုအပ်သော သတင်းအချက်အလက် စီးဆင်းမှုလွယ်ကူချောမွေ့စေမည့် Platform အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ NSDI တွင် မြေပြင်သတင်းအချက်အလက်များ၏ အချိန်နှင့်အလိုက် ပြောင်းလဲမှုများ အား အချိန်မှန်ပြန်လည်ကိုက်ညှိသည့် Data Updating လုပ်ငန်းစဉ်များကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ICT နှင့် အာကာသနည်းပညာများအသုံးပြု၍ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအကြား သတင်းအချက်အလက်စီးဆင်းမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးသည် အထူးအရေးပါ လိုအပ်လျက်ရှိသဖြင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပါဝင်ပူးပေါင်း ဆွေးနွေးသွားကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ဂျပန်နိုင်ငံ၊ Geospatial Information Authority (GSI) မှ တာဝန်ရှိသူက NSDI စနစ်နှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဂျပန်နိုင်ငံ၊ CICC၊ GSI နှင့် HIDA တို့မှ တာဝန်ရှိသူများက မြန်မာ NSDI စနစ်နှင့် ပတ်သက်သော အချက်အလက်များ၊ အခြေခံမူဝါဒများချမှတ်နိုင်ရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို ဒီဇင်ဘာ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.