မြန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ National Authority အဖွဲ့ဝင်များနှင့် Representative Team for Inspection အဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေး


Date : 23 December, 2015

????????????????????????????????????

မြန်မာနိုင်ငံ၏ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention – CWC) ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် National Authority အဖွဲ့ဝင်များနှင့် Representative Team for Inspection အဖွဲ့ဝင်များပါဝင်‌ေသာ လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယ၀န်ကြီးက ပြောကြားရာတွင် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (CWC) အရ နှစ်စဉ်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံမှ နှစ်စဉ်ကြေငြာချက် (Annual Declaration) နှင့် Initial Declaration တို့ကို ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာအဖွဲ့အစည်း (Organization for the Prohibition of Chemical Weapons-OPCW) သို့ ပေးပို့ နိုင်ခဲ့ပါကြောင်း၊ OPCW မှ စစ်ဆေးရေးအရာရှိများနှင့် စစ်ဆေးရေးလက်ထောက်များအတွက် ပြည်ဝင်ဗီဇာ ထုတ်ပေးမှုတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပါကြောင်း။

               Myanmar National Authority နှင့် OPCW သို့ ဆက်သွယ်ဆောင်ရွက်ရာတွင် Secure Information Exchange (SIX) System ကို အသုံးချပြီး စာရွက်စာတမ်းများကို တိုက်ရိုက်လုံခြုံစွာ ပေးပို့လက်ခံနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ခံ (၂) ဦး၏ အမည်၊ User ID နှင့် Password များကို OPCW သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှတဆင့် ပေးပို့နိုင်ရန်အတွက် ယခုအစည်းအဝေးမှ တာဝန်ခံ (၂) ဦးကို ရွေးချယ်သွားမည်ဖြစ်ပါကြောင်း။         OPCW မှ ကျင်းပပြုလုပ်‌ေသာ Trai

ning Programများ၊ Workshop များ၊ Seminor များသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရာတွင် National Authority အဖွဲ့ဝင်များအနက်မှ ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် အမည်များ စာရင်းပြုစု၍ ယခုအစည်းအဝေးတွင် စုစည်းပေးနိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာကြ‌ေသာ National Authority အဖွဲ့ဝင်များ နှင်‌့ Representative Team အဖွဲ့ဝင်များမှ ယခုတင်ပြ‌ေသာ အကြောင်းအရာများအပြင် လိုအပ်သည်များရှိပါက ဖြည့်စွက်ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦး၀င်းခိုင်မိုးက မြန်မာနိုင်ငံ CWC ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက CWC ဆိုင်ရာ National Authority အဖွဲ့ဝင်များနှင့် Representative Team for Inspection၏ လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.