ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်၊ အဏုမြူနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 12 January, 2016

????????????????????????????????????

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် The Netherlands အခြေစိုက် IB Consultancy မှ ကြီးမှူး၍ ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်၊ အဏုမြူနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် ၉ နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူဆိုင်ရာနယ်ပယ်အတွက် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူဆိုင်ရာ မတော်တဆဖြစ်မှု များနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ရာတွင် ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဆောင်ရွက်ချက်အဆင့်ဆင့်အလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုရှိရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့်အကောင်အထည်ဖော်ဆောင်ရေး စီမံချက်ကို ရေးဆွဲလျက်ရှိပြီး ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့်အဏုမြူဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးစေရေး အမျိုးသားအဆင့် ရည်ရွယ်ချက်များကို ကျယ်ပြန့်စွာထည့်သွင်းထားပြီး UNICRI နှင့် ပူးပေါင်း၍ အရည်အသွေး တည်ဆောက်မှုအတွက် အဓိကဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များကို သတ်မှတ် ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

               ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲမှ အာရှဒေသတွင်း ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစေရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အထောက်အပံ့များစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး

ချုပ်များနှင့် တာဝန်ရှိသူများ၊ IB Consultancy မှ ကျွမ်းကျင်သူများ၊ Croatia နှင့် Germany နိုင်ငံများမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.