ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်(CWC)ဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ (၁/၂၀၁၆) အစည်းအ‌ေ၀း


Date : 26 February, 2016

????????????????????????????????????

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention – CWC) ဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ (၁/၂၀၁၆) အစည်းအ‌ဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အစည်း အ‌ဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ National Authority ၏ ဥက္ကဌ၊ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယ၀န်ကြီးက ပြောကြားရာတွင် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (CWC) အရ နှစ်စဉ်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံမှ နှစ်စဉ်ကြေငြာချက် (Annual Declaration on Past Activities) ကို ပြုလုပ်ရမှာြဖစ်ပါကြောင်း၊ Declaration ပြုလုပ်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ Schedule Chemicals များ၏ စာရင်းပြုစု၍ နှစ်စဉ်ကြေညာချက် (Annual Declaration on Past Activities 2015) ကို သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ နိုင်ရေး ဆောင်ရွက်ကြရမှာဖြစပြီး တားမြစ်ကန့်သတ်ထားသော ဓာတုလက်နက်စာရင်း၀င် Schedule Chemicals များကိုလည်း ဖြည့်သွင်းပေးပို့ရမှာြဖစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြ‌သော National Authority အဖွဲ့ဝင်များအနေဖြင့် ယခုတင်ပြ‌သော အကြောင်း အရာများအပြင် လိုအပ်သည်များရှိပါက ဖြည့်စွက်ဆွေးနွေးပေးကြရန် ပြောကြား ခဲ့ပါသည်။

               ဆက်လက်၍ ြမန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ National Authority ၏ အတွင်းရေးမှူးြဖစ်သူ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦး၀င်းခိုင်မိုးက ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် (CWC) အရ နှစ်စဉ်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံမှ နှစ်စဉ်ကြေငြာချက် (Annual Declaration on Past Activities 2015) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဥ်း၍ လိုအပ်သည်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

               အဆိုပါအစည်းအ‌ေ၀းတွင် မြန်မာနိုင်ငံမှ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် ဆိုင်ရာ National Authority အဖွဲ့၀င်များမှ Annual Declaration on Past Activities 2015 အား ပြည့်စုံစွာြဖည့်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ National Authority အ

နေဖြင့် Stamp အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် Chemical Weapons Convention ဆိုင်ရာ ဥပဒေ (Legislation) ရေးဆွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.