ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အခမ်းအနားကျင်းပ


Date : 26 April, 2016

 

????????????????????????????????????

 

????????????????????????????????????

နေပြည်တော်၊ ‌ဧပြီ ၂၆

အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ဆောင်ရွက်ချက်များကို သိရှိစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတ အကြောင်းအရာများကို ဆွေးနွေးဖလှယ်ကြရန်အတွက် ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင်  ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) သည် WIPO Convention စတင်သော “ဧပြီလ (၂၆) ရက်နေ့” ကို “ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့” အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှ စတင်ပြီး “ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့” အခမ်းအနားကို တစ်ကမ္ဘာလုံးရှိ အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် ဆန်းသစ်တီထွင်ဖန်တီးမှုများကို အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဖြင့် အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရန် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပါကြောင်း။

ယနေ့ခေတ်တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ဆက်စပ်နေသော နယ်ပယ်သည်  ပိုမိုကျယ်ပြန့်လာပြီး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စာပေအနုပညာ၊ သဘာဝ ပတ်ဝန်းကျင်စသည့် အခန်းကဏ္ဍအားလုံးနှင့်လည်း ဆက်နွယ်လျက်ရှိနေသည်ကို တွေ့ရှိနိုင်မှာ ဖြစ်ပါကြောင်း၊ အသိဉာဏ်ပစ္စည်း ကာကွယ်ထိန်းသိမ်းမှုစနစ်တစ်ရပ်တည်ရှိရေးသည် နိုင်ငံ၏ လိုအပ်ချက် တစ်ရပ်ဖြစ်နေပြီး၊ တိုင်းပြည်၏ လူမှုစီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်၊ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန်နှင့် နိုင်ငံ၏ကဏ္ဍစုံတွင် တိုးတက်လာစေရန်တို့အတွက် လည်း တွန်းအားတစ်ရပ်ဖြစ်စေပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံတွင် သင့်လျော်ကောင်းမွန်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် စနစ်တစ်ရပ် ထူထောင်‌ပေးရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအကြား အတူတကွ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ဆက်စပ်သော လုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုအထောက်အကူပြုနိုင်ရန် မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ IP စနစ် ထူထောင်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် WIPO၊ WTO၊ ASEAN ၊JPO၊ JICA၊ USAID၊  EU၊ KIPO အစရှိသော အဖွဲ့အစည်းများ နှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် USAID မှ Mission Economist ဖြစ်သူ Mr. Daniel Swift နှင့် JICA အဖွဲ့ အစည်းမှ Senior Representative ဖြစ်သူ Mr. Kyosukse Inada တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက ကမ္ဘာ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာကိုဖတ်ကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Positive Group (MPG) တို့မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ  တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.