အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 16 June, 2016

DSC_0073

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် အစိုးရ နည်းပညာအထက်တန်းကျောင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
ပြည်ထောင်စု၀န်ကြီးက နိုင်ငံစီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍ၏ အဓိကလုပ်ဆောင်ရမည့် အချက်ဖြစ်ပါကြောင်း၊ သင်ယူမှုနှင့် လေ့ကျင့်မှု အခွင့်အလမ်း တိုးချဲ့ဆောင်ရွက်ရန်နှင့် အရည်အသွေးမြင့်မားရေးဆောင်ရွက်ရန်တို့ လိုအပ်ပါ ကြောင်း။
ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သော TVET ကဏ္ဍဖြစ်ရန်အတွက် Trainer များ၏ အရည်အသွေးကို မြှင့်တင်ပေးရန်လိုအပ်ပြီး ဒေသနှင့်ကိုက်ညီသော အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သော Skilled Labour များနှင့် နိုင်ငံတော်အတွက် လိုအပ်သော Skilled Labour များတို့ကို မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီး များသည် TVET ကဏ္ဍကို ဦးဆောင်သူများဖြစ်သည့်အတွက် TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် လုပ်ငန်းအစီအစဉ်များပြုစု၍ ဦးစားပေးအလိုက် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများမှ ကျောင်း ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.