နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲ (TVET FORUM) ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗားရှင်းစင်တာ၊ (MICC-II) တွင် ကျင်းပပြုလုပ်သွားမည်


Date : 8 July, 2016

ပညာရေးဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်မည့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ (TVET FORUM) ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗားရှင်းစင်တာ၊ (MICC-II) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲ၏ အဓိကဆွေးနွေးကြမည့် အနှစ်သာရများမှာ-

(က) နည်းပညာနှင့်သက်မွေးပညာရေး တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များ

(ခ) နည်းပညာနှင့်သက်မွေးပညာ အရည်အသွေးတိုးတက်ရေးနှင့် အလုပ်ခွင်နှင့်တိုက်ရိုက်ဆက်စပ်နိုင်ရေး

(ဂ) နည်းပညာနှင့်သက်မွေးပညာ စီမံခန့်ခွဲမှုစနစ်တိုးတက်ကောင်မွန်ရေးနှင့်

(ဃ) နည်းပညာနှင့်သက်မွေးပညာတွင် ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

tvet-forum-logo



Bookmark the permalink.

Comments are closed.