
နေပြည်တော်၊ ဇူလိုင် ၂၀
ဂျပန်နိုင်ငံ၊ International University of Health and Welfare (IUHW) မှ Board of Trustees ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Kuninori Takagi သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးအား အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံ Narita လေဆိပ်အနီးတွင်ဖွင့်လှစ်မည့် School of Medicine တွင် တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သော ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူအနည်းဆုံး (၂) ဦးအား ပညာသင်ဆု ပေးအပ်ချီးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား လာရောက်ဆွေးနွေးညှိနှိုင်း အဆိုပြုခဲ့ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။