နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ၊ အောက်စဖို့ တက္ကသိုလ်မှ Pro-vice-Chancellor, Professor Nick Rawlins နှင့်တွေ့ဆုံ


Date : 22 July, 2016

????????????????????????????????????

နေပြည်တော်၊ ဇူလိုင် ၂၁

        နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်မှ Pro-vice-Chancellor, Professor Nick Rawlins တို့သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

        တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး၊ ရေနှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးရေး၊ ရန်ကုမြို့ပြ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုတေသနပူးပေါင်းဆောင်ရွက်ရေးနှင့် အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်မှု သင်တန်းများပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

????????????????????????????????????

????????????????????????????????????



Bookmark the permalink.

Comments are closed.