TVET School Management Training (2015-2016) for School Managers အလုပ်ရုံဆွေးနွေးပွဲ


Date : 31 October, 2016

DSC_0164

 

နေပြည်တော်၊ အောက်တိုဘာလ ၂၈

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းဖြစ်သော GIZ တို့ပူးပေါင်း၍ TVET School Management Training (2015-2016) for School Managers ၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင်  သက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံ၏စီးပွားရေးစနစ်ကို အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် သက်မွေးပညာသင်ကျောင်းများကို ဦးဆောင်နေသော ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း။

သက်မွေးပညာကျောင်းများ၏ စီမံခန့်ခွဲမှုကောင်းမွန်ရန်အတွက် Phase-1 အနေဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းဖြစ်သော GIZ နှင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၏ ကျွမ်းကျင်မှုအရည်အသွေးများမြှင့်တင်နိုင်ရန်အတွက် School Management Planning Workshop ကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တောင်ပိုင်းရုံးခွဲ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလတို့တွင် ဂျာမနီနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍများ၊ သက်မွေးပညာကျောင်းများနှင့် စက်ရုံများချိတ်ဆက် ဆောင်ရွက်နေမှုများ၊ သင်ကြားမှုနှင့် သင်ယူမှုပုံစံများစသည်တို့ကို သွားရောက်လေ့လာခဲ့ကြ ပါကြောင်း။

Phase-2 အနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းဖြစ်သော GIZ ၏ ကူညီထောက်ပံ့ မှုဖြင့် ဂျာမနီနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသော ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများဆောင်ရွက်လျှက်ရှိသည့် School Management Transfer Project အား အကာင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ School Management Coaching Program ကို အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတို့တွင် ဆောင်ရွက် ခဲ့ပါကြောင်း၊ သက်ဆိုင်ရာကျောင်းအသီးသီးတွင်လည်း ၂၀၁၆ ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှ စတင်၍ နိုဝင်ဘာလအထိ School Management Transfer Project များအား အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း။

ယခုအခါ Phase-3 အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၆) ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲများဖြစ်သည့် Strategic Planning Workshop၊ Quality Circle Workshop နှင့် School Management Final Workshop သို့ တက်ရောက်လာ ကြသော ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ TVET Expert များ၊ ကျွမ်းကျင်ပညာရှင်များ အားလုံးသည် နိုင်ငံတော်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိရေး၊ လူနေမှုဘဝတိုးတက် မြှင့်မားရေးတို့အတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဖွံဖြိုးတိုးတက်ပြီး ကျွမ်းကျင်မှုအရည်အသွေးပြည့်ဝသော နည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ် နိုင်ရန်အတွက် ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများမှ မဟာဗျူဟာမြောက် အစီအစဥ်များရေးဆွဲ၍ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ရေရည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ GIZ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DSC_0109



Bookmark the permalink.

Comments are closed.