Awarding Ceremony of School Management Training (2015-2016) for TVET School Managers


Date : 9 November, 2016

DSC_0337

နေပြည်တော်၊ နိုဝင်ဘာ ၈

            ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းဖြစ်သော GIZ တို့ပူးပေါင်း၍ Awarding Ceremony of School Management Training (2015-2016) for   TVET School Managers နည်းပညာနှင့် သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကျောင်း စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဆင်းပွဲကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

            ဒုတိယဝန်ကြီးက ပြောကြားရာတွင် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) ကဏ္ဍတွင် စွမ်းဆောင်ရည်ပြည့်ဝသော School Managers များသည် ကျောင်းတစ်ခုကို ရေရှည်တိုးတက် ကောင်းမွန်ရန်အတွက် တည်ဆောက်လုပ်ကိုင်ရာတွင် အဓိကအရေးပါကြောင်း၊ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပါက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းများ၏ စီမံခန့်ခွဲမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့ရှိမှသာ လူငယ်၊ လူရွယ်များ၏ အလုပ်အကိုင်ရရှိရေး၊ လူနေမှုဘဝတိုးတက် မြင့်မားရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

            ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် UN အဖဲွ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ  2030 Development Agenda titled “Transforming our World” ကို အတည်ပြု ခဲ့ကြောင်း၊ Sustainable Development Goals (SDGs)၊ Global Goals (၁၇) ခု ကို အတည်ပြုခဲ့ပြီး ထိုအတည်ပြုချက်ထဲတွင် Goal 4 အဖြစ် Quality Education ကို အားလုံး ပါဝင်နိုင်ရန် lifelong learning opportunities ြဖစ်ရန်အတွက် မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ TVET ကဏ္ဍ၏ အဓိကကျသောအချက်သည်  lifelong learning အတွက် တိုးမြှင့်ပေးရန်ဖြစ်ြီး TVET ပညာကို သင်ယူချင်သူတိုင်းအတွက် သင်ယူနိုင်ရန် အခွင့်အလမ်းပေးခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့နိုင်သော TVET School Management System ကို မြန်မာပြည်တွင် တည်ထောင်နိုင်ရန်အတွက် ဤသင်တန်းမှ ရရှိလာသောသင်ခန်းစာများ၊ အတွေ့အကြုံများကို အခြေခံပြီး TVET School Managers များမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

            ထို့နောက် German Embassy မှ Development Counsellor ဖြစ်သူ Dr. Katharina Spiess၊ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် HRD Korea မှ Executive Director ဖြစ်သူ Dr. Jeon Hwa Ick တို့က အမှာစကားပြောကြားခဲ့သည်။

            ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ GIZ တို့မှ တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အဆိုပါ သင်တန်းဆင်းပွဲသို့ ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ၊ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ GIZ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား စက်မှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ‌ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DSC_0247



Bookmark the permalink.

Comments are closed.